ဟင်္သာတမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ဟင်္သာတ သြဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လတတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုများကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌ ဒေါက်တာနေခြည် ထက်ထက်လင်းအောင်ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား‌ ကိုယ်ဝန်‌ဆောင်သံဓာတ်အားဆေး၊ သံချ‌ဆေးနှင့် ဗီတာမင်ဘီဝမ်း‌ဆေးပြားများ တိုက်‌ကျွေးခြင်း၊ နို့တိုက်မိခင်များအား ဗီတာမင်ဘီဝမ်းဆေးပြား၊ ဗီတာမင်အေဆေးများ တိုက်‌ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရပြည့်ဝစွာ ပြင်ဆင်ချက်ပြုတ် စားသောက်တတ်စေရန်နှင့် အစာအုပ်စုသုံးမျိုးအကြောင်း ကျန်းမာရေးအသိပညာပေးခဲ့ကြသည်။

ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယူရွှေက ကိုယ်ဝန်ဆောင်စဉ်မှာ လုံလောက်တဲ့အဟာရဖြည့်တင်းနိုင်ရန်နှင့် မိခင်နှင့်ကလေးများ အာဟာရလိုအပ်ချက်ကောင်းမွန်စွာရရှိနိုင်ရန် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးစမှ အသက် (၂) နှစ်ထိ ကလေးငယ်များကို ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခြင်း ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များကလည်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ကြက်ဉနှင့်အိုင်အိုဒင်းဆားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဟင်္သာတ

ခရိုင် (ပြန်/ဆက်)