အောင်လံမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

အောင်လံ ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ် ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်မသုံးစွဲရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign များဆောင်ရွက်လျက်ရှိရာ၊ (၂၀.၈.၂၀၂၄) ရက်နေ့တွင် အဖွဲ့ပိုင် မြို့မစျေးကြီး၌ အဆိုပါ Campaign အား ပြုလုပ်ခဲ့ပြီး၊ အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စျေးကော်မတီဝင်များ၊ စည်ပင်ကော်မတီများ၊ စုစုပေါင်း(၁၀)ဦးတို့မှ ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)