ဖြူးမြို့နယ် အဘိုးအဘွားများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ဖြူး  ဩဂုတ်  ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ဖြူးဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ  မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေး၊ ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ အကြီးတန်းစာရေး ဒေါ်မြစန်းအေးတို့သည် ဖြူးဘိုးဘွားရိပ်သာရှိ အဘိုး(၉)ဦး၊ အဘွား(၂၃)ဦး၊ စုစုပေါင်း (၃၂)ဦးအား သွေးပေါင်ချိန်တိုင်းတာပေး၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

နေမျိုးလွင်(ပြန်/ဆက်)