မြဝတီမြို့၌ (၂၃)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့(လက်ချည်)မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြဝတီ ဩဂုတ် ၁၉

ကရင်တိုင်းရင်းသားလူမျိုးတို့၏ရိုးရာယဉ်ကျေးမှု   ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်စူး) ပွဲတော်ကို ကရင်တိုင်းရင်းသားလူမျိုးများနေထိုင်ရာ နေရာဒေသအသီးသီးတွင် ဝါခေါင်လရောက်တိုင်း နှစ်စဉ်ဆင်ယင်ကျင်းပလေ့ရှိကြရာ ယနေ့နံနက်နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်းတွင် (၂၃)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ (လက်ချည်) မင်္ဂလာအခမ်းအနားကို အနှစ်သာရပြည့်ဝစွာ​​ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဦးစွာ မြဝတီမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ သဘာပတိဦးစောထွန်းဝေက အဖွင့်အမှာစကား ပြောကြားပေးသည်။ ထို့နောက် တောင်ကလေးအေးရိပ်သာကျောင်း  ဆရာတော်အရှင်အဂ္ဂဝံသ အရှင်သူမြတ်က ဩဝါဒစကားမြွက်ကြားပေးပြီး  မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် နယ်ခြားစောင့်တပ်၊  တပ်နယ်()တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်က နှုတ်ခွန်းဆက်အမှာစကားများ အသီးသီးပြောကြားပေးသည်။

ဆက်လက်ပြီး ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်စူး) ဖြစ်ပေါ်လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားပေးပြီး အလှူရှင်များအား တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ပြီးနောက်  အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးစောအောင်သိန်းမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပခဲ့ရာ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်မှ  တပ်မမှူး ဗိုလ်မှူးကြီး ညီညီဦး၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊  နယ်ခြားစောင့်တပ် တပ်နယ်() တပ်နယ်မှူး ဗိုလ်မှူးကြီး စောမုတ်သုန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ဒေသခံကရင်တိုင်းရင်းသား  ရပ်မိရပ်ဖများက  အဘိုး၊ အဘွားများထံတွင်  ချည်ဖြူဖွဲ့မင်္ဂလာ ခံယူကြသည်။

အဆိုပါပွဲတော်သည် ကရင်တိုင်းရင်းသားများ ထိန်းသိမ်းသည့် ပွဲတော်တစ်ရပ်ဖြစ်ကြောင်းနှင့်ကရင်ပြည်နယ်အတွင်း ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားများကို ဝါခေါင်လတစ်လလုံး  နေရာဒေသအနှံအပြားတွင် ကျင်းပလေ့ရှိကြကြောင်း သိရသည်။  

ဇာဖြူဝင်း(မြဝတီ)