မအူပင် ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ကျောင်းသား/ ကျောင်းသူများကို အသိပညာ၊ ဗဟုသုတများတိုးပွားလာစေရန် စာအုပ်၊ စာပေများများ ဖတ်ရှုသင့်ကြောင်း၊ စာအုပ်၊ စာပေများများ ဖတ်ရှုလေ့လာသူနှင့် စာအုပ်စာပေလေ့လာမလိုက်စားသောသူတို့ မည်ကဲ့သို့ကွာခြားကြကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို စာပေမြတ်နိုးတတ်စေရန်၊ စာအုပ်ကောင်းများကို ဖတ်ရှုလေ့လာတတ်စေရန်၊ စာပေချစ်မြတ်နိုးသည့်စိတ်များဖြစ်ပေါ်လာစေရန်၊ စာပေများများဖတ်ရှု့လေ့လာထားသူများသည် နောင်တစ်ချိန်တွင် အနာဂတ်အတွက်အကျိုးရှိစေမည့် ကြယ်ပွင့်လေးများဖြစ်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ထွန်းမှ ကျောင်းသားများ သိသင့်သိထိုက်သော ကလေးသူငယ်ဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြကြောင်းသိရသည်။ အဆိုပါဟောပြောပွဲတွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသာကျောင်းသူများ (၁၃၂) ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှပြသသည့် နံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်များအား လက်ထောက်ညွှန်ကြားရေးမှူးက ရှင်းလင်းပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရပါသည်။
ဇင်မင်းပိုင်
ခရိုင် (ပြန်/ဆက်)