ညောင်တုန်း ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဩဂုတ် ၁၇ ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာရှိ MiMi Motors ကုမ္ပဏီသို့သွားရောက်၍ လျှပ်စစ်စက်ဘီး (E-Bike) နှင့် သုံးဘီးဆိုင်ကယ်များအား ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများက လျှပ်စစ်စက်ဘီး (E-Bike) နှင့် သုံးဘီးဆိုင်ကယ်အား လက်တွေ့စီးနင်းမောင်းနှင်ပြသမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုများနှင့် ဈေးကွက်အတွင်း တင်ပို့ရောင်းချနေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ အသင်းစုကျေးရွာ၊ BBB စက်မှုဇုန်ရှိ King's Food Global ကုမ္ပဏီလိမိတက်သို့ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူမှ ကြာဇံထုတ်လုပ်နေမှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ စက်ရုံအတွင်းသို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)