သံတောင်ကြီး နိုဝင်ဘာ ၂၀
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဆောင်ရွက်မည့် လုပ်ငန်းများအနက် ကျေးရွာများတွင် စိမ့်စမ်းရေ သွယ်ယူရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက စီပင်ကလေး ကျေးရွာအုပ်စု ချောင်းနှစ်ခွကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ချောင်းနှစ်ခွကျေးရွာ ဒေသခံအိမ်ထောင်စုများအား ရေပေးဝေနိုင်ရေးအတွက် ကျေးရွာရှိစိမ့်စမ်းရေမှ ရေပိုက်များဖြင့် ရေသွယ်ယူနိုင်မည့် နေရာများ နှင့် ဂါလံ (၅၀၀၀) ထောင်ရေစု ကန်တည်ဆောက်မည့် နေရာများအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဦးအောင်ကိုမွန်၊ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးစောဟဲဒိုစိုးနှင့် ကျေးရွာရေပေး ရေးကော်မတီတို့က ကွင်းဆင်းကြည့်ရှုကြပြီး စိမ့်စမ်းရေသွယ်ယူမည့်နေရာနှင့် ဂါလံ(၅၀၀၀)ထောင်ဆံ့ ရေစုကန်တည် ဆောက်မည့်နေရာများ အား အတည်ပြုရွေးချယ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)