(၂၅) ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် အဆို၊ အ‌က၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

မအူပင်၊ ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့အား ယနေ့နံနက် (၈) နာရီက တိုးရွှေဝါခန်းမတွင် ကျင်းပပြု လုပ်သည်။

ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့တွင် ဝါသနာရှင်အဆင့်(ဒုတိယတန်း) မဟာဂီတပြိုင်ပွဲ၊ အခြေခံပညာအဆင့် (၁၅-၂၀) စောင်းအတီးပြိုင်ပွဲ၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အရေး(စင်တင်)ပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် အရေး(စင်တင်)ပြိုင်ပွဲ၊ ရုပ်သေးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် (၁၀-၁၅) ကဗျာလွတ် (အဖွဲ့လိုက်) ပြိုင်ပွဲများအားဆက်လက်ကျင်းပရာ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များမှ အနုပညာရှင်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အသင်းအဖွဲ့များနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)