တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကာယ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်

တမူး ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်‌ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများ ကျင်းပရာတွင် တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းကပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာမူလတန်းအဆင့် ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်၊ စက္ကူခေါက်၊ ပန်းချီပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ပြီး ဆုရရှိကြသူများနှင့်ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အတွေးအခေါ် ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ လစဉ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

တမူးခရိုင် (ပြန်/ဆက်)