ဘိုကလေး ဩဂုတ် ၁၉
အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာ၊ သက်သာချောင်ချိစွာဖြင့် ပြည်သူများ ဝယ်ယူစားသုံးနိုင်စေရေးကိုရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ သက်ဆိုင်ရာဌာနများက မြို့နယ်တွင်း၌ ဆန်၊ ဆီ၊ ငါး၊ ကြက်ဉ၊ ဘဲဥအပါအဝင် အခြေခံစားသောက်ကုန်များအား ချိုသာသောဈေးနှုန်းများဖြင့် သတ်မှန်ရက်များ၌ သတ်မှတ်ပမာဏကို စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီ အချိန်တွင် မြို့နယ်ဆန်လုပ်ငန်းရှင်များ အသင်းက ဘိုကလေးမြို့၊ မြို့သစ် (၁၀) ရပ်ကွက်၊ အမှတ် (၈) ရပ်ကွက်၊ အမှတ် (၉) ရပ်ကွက်တို့တွင် မော်တော်ယာဉ်ဖြင့် ဆန်များလှည့်လည်ရောင်းချပေးခဲ့သည်။
ရောင်းချပေးရာတွင် ပေါ်ဆန်းဆန် (၁) ပြည်လျှင် (၄၅၀၀) ကျပ်နှုန်း၊ ဇီယျာဆန် (၁) ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းတို့ဖြင့် (၂၄) ပြည်ပါရှိသည့် ပေါ်ဆန်းဆန် (၁၅) အိတ်၊ ဇီယျာဆန် (၂၀) အိတ်တို့အား ရောင်းချပေးခြင်းဖြစ်ပြီး ဆန်ရောင်းချနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)