လှိုင်းဘွဲ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အားကာစားနှင့်ကာယပညာဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း stay at home နေထိုင်သော မိဘပြည်သူများအနေဖြင့် ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်မာရေးလိုက်စားသူများ လိုက်ပါဆောင်ရွက်နိုင်ရန် အတွက် Physical Fitness Dance အား Online မှတစ်ဆင့် တင်ဆက်ပေး လျက်ရှိကြောင်း သိရသည်။
“အားကစားနှင့်ကာလပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ကျေးရွာများရှိ အားကစားလူငယ်များ အားကစားနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် မြို့နယ်အတွင်းပြိုင်ပွဲများ၊ ပြည်နယ်အဆင့် ပြိုင်ပွဲများကိုလည်း အရင်နှစ်တွေက ဆောင်ရွက်ပေးခဲ့တယ်။ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုကြောင်း အားကစားပြိုင်ပွဲများကို ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ကျန်းမာကြံ့ခိုင်ဖို့နှင့် ကျန်းမာရေးကို အထောက်အကူပြုဖို့ ကောင်းမွန်ဖို့အတွက် Physical Fitness Dance ကို Online ကနေတစ်ဆင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ အပတ်စဉ်တင် ဆက်ပေးပါတယ်၊ ပြီးတော့ လှုပ်လှုပ်ရှားရှား လူထုအားကစား Physical Fitness Dance Online Challenge ပြိုင်ပွဲကိုလည်း စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း” အား/ကာမှူး ဒေါ်မိန္နာမွန်က ပြောကြားခဲ့ပါတယ်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Myanmar Fitness Dance (MFD) Online မှတစ်ဆင့် အပတ်စဉ် သောကြာနေ့တိုင်း ပြည်သူ့စာကြည့်တိုက်တွင် တင်ဆက်ပေးသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသော မိဘပြည်သူများ၊ ကျန်မာရေး လိုက်စားသူများအတွက် လိုက်ပါဆောင်ရွက်နိုင်ပါကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)