ကလိန်အောင် နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးအတွက် ကလိန်အောင်မြို့ ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီး ဓမ္မာရုံ Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိသူ (၉) ဦးအနက် (၂) ဦးမှာ (၁၄) ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရွှေရည်ဆောင်းက ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျန်းမာကြောင်း ထောက်ခံစာများပေးအပ်၍ နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ (၂) ဦးတွင် ကလိန်အောင်မြို့ မိကျောင်းလှောင်းကျေးရွာနေသူသည် ထိုင်းနိုင်ငံမှ ပြန်လာသူဖြစ်ပြီး နှမ်းကြဲကျေးရွာနေသူသည် ရေးမြို့မှ ပြန်လာသူများဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ၎င်းတို့၏ နေအိမ်များတွင် Home Quarantine (၇) ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ပြီး စနစ်တကျ နေထိုင်စားသောက်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မှာကြားခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်