တောင်တွင်းကြီး သြဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဘော်ဒါပေါင်းစုံ ချစ်ကြည်ရေးဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့ဦးရပ်ကွက်၊ ရွှေပြည့်ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်ခင်မိုးအေးက ကျောင်းသားလူငယ်လူရွယ်များ အချင်းချင်းရင်းနှီးမှုရရှိစေရန်၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ချစ်ကြည်ရေးဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း အားကစားသမားအချင်းချင်း ရိုင်းပင်းကူညီပြီး အားကစားသမားစိတ်ဓာတ်အပြည့်ဖြင့် ယှဥ်ပြိုင်သွားကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကာယဒုဦးစီးမှူး ဦးဇင်မင်းထက်နှင့် ဒိုင်အဖွဲ့ဝင်တစ်ဦးမှ ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲ၌ အုပ်စု(A)တွင် ပညာမြေ၊ ဝိုင်းပြည့်အောင်၊ ပါရမီ (ဆတ်သွာ)၊ D.T.S (ဒေါ်သဲစု ဘော်ဒါ)၊ D.L.M (ဒေါ်လွင်လွင်မာ)၊ အုပ်စု (B)တွင် ပညာ့တံခွန်၊ ကောင်းရနံ့သင်း၊ A.C.A (အေးချမ်းအောင်)၊ ပညာ့မြင့်မိုရ်၊ အုပ်စု (C)တွင် အောင်မြင့်မိုရ်၊ လမင်း၊ စားပန်းခင်း၊ မိုးအိမ်စံဘော်ဒါတို့ ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပါချစ်ကြည်ရေးဖူဆယ်ဘောလုံးပြိုင်ပွဲကို ၂၀၂၄ ၊ သြဂုတ်လ ၁၈ရက်နေ့မှ စက်တင်ဘာ ၁၇ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင်