ရေဖြူမြို့နယ်တွင် မျိုးစေ့ထုတ် ဆင်းသုခစပါးစိုက်ခင်း၌ မျိုးကွဲနှုတ်ပယ်ခြင်း ကွင်းဆင်းစစ်ဆေး

ရေဖြူ နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ ရရှိစေရန်နှင့် တောင်သူများအတွက် မျိုးကောင်းမျိုးသန့် ရရှိစေရန် ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာ တောင်သူဦးမြင့်နိုင်၏ လယ်မြေတွင် ဆင်းသုခစပါးမျိုးကွဲ နှုတ်ပယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးကွဲနှုတ်ပယ်ခြင်းကို အပင်ပွားပေါက်ချိန်တွင် တစ်ကြိမ်၊ ပန်းပွင့်သည့်အချိန်တွင် တစ်ကြိမ်၊ ရင့်မှည့်ချိန်တွင်တစ်ကြိမ် မျိုးကွဲနှုတ်ပယ်ခြင်း ဆောင်ရွက်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအောင်ဝင်းက ပြောသည်။

ထိုသို့ဆောင်ရွက်ရာ တနင်္သာရီတိုင်းဒေသကြီး တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်စန်းစန်းမြိုင်၊ ထားဝယ် ခရိုင် မျိုးစေ့တာဝန်ခံ ဦးမြင့်နိုင်တို့က ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာရှိ ဆင်းသုခ မျိုးစေ့ ထုတ်စိုက်ခင်း မျိုးကွဲနှုတ်ပယ်ဆောင်ရွက်ခြင်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြူဖြူရှိန်