ဗန်းမောက် နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိပြည်သူအများ စာဖတ်ခြင်းဆိုင်ရာ အသိပညာ ဗဟုသုတ တိုးပွားစေ ရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page) မှတစ်ဆင့် စာဖတ်ခြင်းအသိပညာပေး ဆွေးနွေးဟောပြောခြင်း အစီအစဉ်အား ယမန်နေ့ မွန်းလွှဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူအများ စာဖတ်ခြင်းအသိ ပညာ ဗဟုသုတ တိုးပွားလာစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် အသိပညာ ပေးဆွေးနွေး ဟောပြောခြင်း အစီအစဉ်များကို မြို့နယ် (Book Club) အဖွဲ့ဝင် ဒေါ်ဆန်းကြည်က စာရေးဆရာမ ခေတ်ဘုန်းသစ် ရေးသားထားသော ယဉ်ကျေးသည့်သမီး၊ ယဉ်ကျေးသည့်သား ကောင်းစဉ်ဖြင့် သိမှတ်ဖွယ်ရာ များကို ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ စာဖတ်ခြင်းအသိပညာပေးဆွေးနွေးဟောပြောခြင်း အစီအစဉ်ကို ပြည်သူအများ ကြည့်ရှု လေ့လာနိုင်စေရန် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှတစ်ဆင့် အပတ်စဉ် ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မေသူဟန်ထံမှ သိရသည်။
ကျော်စွာ (ဗန်းမောက်)