မြောင်းမြ သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မူလွန်ဘုရားချောင်း (ရပ်)ကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတ နှင့်စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ(၂း၀၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် “ သာသနာ့အလံဖြစ်ပေါ်လာပုံ အကြောင်း သိကောင်းစရာ”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြိုင်က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)