သဲကုန်းမြို့နယ်အတွင်း ​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် ကွင်းဆင်းကြည့်ရှုစစ်ဆေး

သဲကုန်း သြဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က သဲကုန်းမြို့နယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာနတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် ပူးပေါင်း အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သိန်း (၃၉၀)ဖြင့် Silver Diamomd ကုမ္ပဏီမှတာဝန် ဆောင်ရွက်လျက်ရှိသည့် ကြို့ပင်သာ​ကျေးရွာအုပ်စု ဝက်ပုတ်စျေးပတ်လမ်း (အရှည် ၄၅၀ ပေ၊ အကျယ် ၁၂ ပေ၊ ထုထည် ၈လက်မ ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေ၊ သဲကုန်းမြို့မစျေးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေ (၂၀.၁၄)ကျပ် သန်းဖြင့် Silver Diamomd ကုမ္ပဏီမှတာဝန်မှ  (၁၆'×၅၆'×၁၀') စျေးရုံအမှတ်(၉)/ အမှတ်(C) တည်ဆောက်ထားမှုအခြေအနေ၊ ပုတီးကုန်းမြို့ သုခဖြာဝေရပ်ကွက်ရှိ စက်မှု၊ စီးပွားမြေငှားဂရန် လျှောက်ထားမြေနေရာတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီလုပ်ငန်းခွင်အမြန်ဆုံးပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

 ဆက်လက်၍ ရဲရဲ့ကန်ကျေးရွာအုပ်စု၊ ဆောက်ခြုံကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ရေကြီးနစ်မြုပ်၊ ပျက်စီးခဲ့သော မိုးစပါးစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး ကူညီဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန် သက်ဆိုင်တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့​​ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)