ကော့သောင်း ဩဂုတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်/စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က (၃) အေးရိပ်ငြိမ်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ဆန်းဝင်းက စာဖတ်စွမ်းရည်မြင့်မားတိုးတက်စေရန်နှင့် အသိပညာဗသုတများ တိုးပွားစေရန် အားလပ်ချိန်များတွင် ဗဟုသုတရရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာရန်၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာပညာရပ်များ သာမက ဗလငါးတန်နှင့်ပြည်စုံရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများ ဖြစ်စေရန်ပြင်ပ စာအုပ်၊ စာပေတို့ကို လေ့လာရန်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူ များအား စာဖတ်ဝိုင်းပြုလုပ်ပေး၍ မိမိဖတ်ရှုရသည့် စာအုပ်ထဲမှ ဗဟုသုတရရှိစေသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြပြီး ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)