မိုးညို ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရေလယ်သောင်ကျေးရွာအုပ်စု၊ ရေလယ်သောင်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၁)လုံးမှ မိသားစုများအား ယမန်နေ့က ကျေးရွာအရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်နှင့်ဝန်ထမ်းများက မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဩဂုတ်လ (၁၃) ရက်နေ့က မိုးညိုမြို့နယ်၊ ရေလယ်သောင်ကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကြိုတင်ပြောင်းရွှေ့နေအိမ် (၁၁) လုံးတို့အတွက် ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေ (၁,၁၀၀,၀၀ဝိ/-)ကျပ်၊ လူဦးရေ (၄၂)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၈၈,၂၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၈,၈၂၀ဝိ/-) ကျပ်အား ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)