ကျိုက်လတ် သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀) နာရီက ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ရီက ကျန်းမာစွာနေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးနည်း၊ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မြို့နယ်ဌက်ဖျားတိုက်ဖျက်ရေးဦးစီးဌာနမှ ဦးနိုင်နိုင်ထွန်းတို့က သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများနှင့် ဌက်ဖျားရောဂါများ အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။ထို့နောက် KG ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ့များခွဲ၍ အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်