၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ ပြုလုပ်

ပဲခူး ဩဂုတ် ၁၇       

၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ၂၀၂၄-၂၀၂၄၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတက်ရောက်ချီးမြှင့်ခဲ့သည်။         

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာပေါ်မှာရှိသည့် လူသားအားလုံး မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရ မှီဝဲစားသုံးကြရမှာဖြစ် ကြောင်း၊ ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရန်နှင့် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်သည် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးသည် အလွန်အရေးကြီးကြောင်း၊ အာဟာရဖွံ့ဖြိုးရေးရသတ္တပတ်များ သတ်မှတ်ပြီးဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထုကိုယ်တိုင် စိတ်ဝင်တစား ပါဝင်ဆောင်ရွက်လာကာ အာဟာရပြည့်ဝကျန်းမာစေသည့် အသိပညာ၊ အမူအကျင့်များ ပိုမိုကောင်းမွန်မှန်ကန်လာစေပြီး ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေလည်း ပိုမိုကောင်းမွန်မြင့်မားလာစေမှာဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူချွန်လူကောင်းများ ပေါ်ထွက်လာစေဖို့ အခြေခံကျပြီးရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင်ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။         

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထက်တန်းအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌက အလယ်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။         

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ကျောင်းသား/သူလေးများ၏ “ကျန်းမာကြံ့ခိုင်စေဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းကြစို့” သီးချင်းဖြင့်လည်းကောင်း၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အဟာရဖွံ့ဖြိုးရေးသတ္တပတ် လှုပ်ရှားမှုမှတ်တမ်း Video Clip နှင့် ကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု Video Clip တို့အား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကာ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားတက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။         

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ကျောင်းကျန်းမာရေး သရုပ်ပြ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး အသက်(၅)နှစ်အောက် ကလေးငယ်များအား Vitamin(A) ဆေးလုံးများတိုက်ကျွေးခြင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများအပြင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်နို့တိုက်မိခင်များအား Vitamin (B1) နှင့် အဏုအာဟာရဆေးပြားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)