အမာမြို့၊ အောက်ဆိပ်ကွင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

အမာ ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းပြုလုပ်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမာမြို့ရုံးမှ ဒုတိယဦးစီးမှူး နော်လေးလီယန်က လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များဖြစ်သည့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ ‌လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးကာ ပူး‌ပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်‌ကောင်းများရရှိစေရန်၊ လူငယ်များအား အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ စောအော်စတိန် (Grade-6)မှ လူငယ်နှင့်ပညာ‌ရေးအကြောင်း၊ စောသောဟဲခလေး (Grade-7)မှ လူငယ်နှင့် ကျန်းမာရေးအ‌ကြောင်း၊ နော်အောနက် (Grade-7)မှ လူငယ်နှင့်စည်းကမ်းအကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့‌ကြ‌ကြောင်းနှင့် တာဝန်ခံကျောင်းအုပ်ဆရာမကြီး‌‌ ဒေါ်‌နော်တင်လှက နိဂုံးချုပ်အမှာစကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)