ကြို့ပင်ကောက် ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့လယ်ချောင်းတောင်သူပညာပေးစခန်းတွင် ကော်ဖီစိုက်တောင်သူများအား ကော်ဖီပျိုးပင်များ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မြေပြန့်ကော်ဖီရိုဘက်စတာမျိုး ပျိုးပင် ၆၀၀ ကို တစ်ဧကလျှင် ပျိုးပင် ၁၅၀ နှုန်း သီးညှပ်စိုက်ပျိုးရန် တောင်သူလေးဦးအား အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ဒေသတွင်း စိုက်ပျိုးသီးနှံမျိုးအသစ် စတင်စိုက်ပျိုးခြင်းဖြစ်ကြာင်း မြို့နယ်အတွင်း ကော်ဖီစိုက်တောင်သူများ တိုးပွားလာပြီး ကော်ဖီစိုက်ဧက ၂၆ ဧကအား လျာထားချက်အတိုင်း အောင်မြင်အောင် ထပ်မံတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း လာမည့်နှစ် စိုက်ပျိုးရာသီတွင်လည်း ပျိုးပင်များ ဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြာင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေး ထံမှသိရသည်။
ကော်ဖီပျိုးပင် ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ ဌာနဆိုင်ရာ အကြီးအကဲများ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြပြီး ကော်ဖီပင်စိုက်ပျိုးနည်းများကို လေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)