ရွှေဘိုမြို့အ.ထ.က(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေး​ ဟော​ပြော​ပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကျင်းပ

​ရွှေဘို ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်​ရေးအသိပညာ​ပေး​ ဟော​ပြောပွဲနှင့်နံရံကပ်စာ​စောင်ပြပွဲကို ယ​နေ့နံနက်ပိုင်းက ​ရွှေဘိုမြို့အထက်တန်း​ကျောင်း(ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက ကျောင်းသား/သူ၊ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန် များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင်စေရေး၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိတိုင်းပြည်ကို အကျိုးပြုနိုင်မည့် လူငယ်များ ဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်​ရေးအတွက်၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက်အသိပညာ​ပေး နံရံကပ်စာစောင်များပြသဆောင်ရွက်ရာ ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းရာ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်က  ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)