ငါးသိုင်းချောင်း သြဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်း၊ မြို့ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(CommunityCentre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက စာပေချစ်သူများအသင်း (Book Club) နှင့် လူငယ်အသင်း(Youth Club)၊အမျိုးသမီးအသင်း(Women Club)တို့ပူးပေါင်း၍ စာရေး ဆရာမ ခင်စောတင့်ရေးသားသည့် ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင် စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်မာလာအောင်က လူငယ်များစာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့်အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်(Book Club)အဖွဲ့ဝင် ဦးမောင်မောင်တိုး ကဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ( Book Club) အဖွဲ့ဝင်ဦးမြင့်ဆွေက ရိုးသားဖြောင့်မတ်သောခေါင်းစဉ် ဖြင့် လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မောင်ဥာဏ်ဦးလွင်က မိမိကိုယ်ကိုကြင်နာပါ ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ၊ စာဖတ်သည့် အလေ့အကျင့် ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)