ရွှေတောင် သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော GENDER ၊ CEDAW ၊ NSPAW အသိပညာပေးသင်တန်းကို အသေးစားစက်မှုလက်မှုဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေတောင်မြို့နယ်၊ လူမှုဝန်ထမ်းဦးဌာန ဦးစီးအရာရှိ ဒေါ်မိမိချိုက ကျား/မ အခြေခံသဘောတရားများ GENDER ကိုလည်းကောင်း၊ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်မို့မို့အေးက အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်း CEDAW နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူကြမ်းအဆင့် ရေးဆွဲထားရှိမှုဆိုင်ရာ NSPAW အကြောင်းအရာများအားလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သင်တန်းဆရာမများမှ ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၁) ရက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)