ရှမ်းရွာသစ်မြို့တွင် အသက်(၆)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အာဟာရထုပ်များ တိုက်ကျွေး

ရှမ်းရွာသစ် ဩဂုတ် ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များ အာဟာရချို့တဲ့မှုများလျော့နည်းပပျောက်စေရေး၊ အာဟာရလွန်ကဲမှုပြဿနာများကာကွယ်ရေးနှင့် အာဟာရပြည့်ဝမျှတစွာသုံးစွဲနိုင်ရေးအတွက်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၆)နှစ်အောက်ကလေးငယ်များအား ဗီတာမင်နှင့်အာဟာရထုပ်များတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်(၆)နှစ်အောက်ကလေးများ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်၊ ကလေးများအား မွေးစမှစ၍ သင့်တော်သောဖြည့်စွက်စာများကို သင့်တင့်မျှတစွာကျွေးမွေးရန်၊ အာဟာရဖွံ့ဖြိုးရေးသည် ကလေးငယ်များအတွက် အရေးကြီးသည့် လိုအပ်ချက်တစ်ခုဖြစ်သောကြောင့် အစာအာဟာရအုပ်စုများနှင့် အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိဘများအားလုံး ပူးပေါင်းပါဝင်ပေးရန် စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အသက်(၆)နှစ်အောက်ကလေးငယ်များအားက အာဟာရထုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)