ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ထားဝယ်   ဩဂုတ် ၁၆

နိုင်ငံ၏ဖွံ ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ထားဝယ်ခရိုင်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာ ထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက် တတိယအချက်ဖြစ်သည့် နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့်အချက်နှင့်အညီ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရည်မှန်းချက်နှင့်အညီ လုပ်ငန်းစဉ်များကိုကဏ္ဍ ပေါင်းစုံကနေဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနာဂါတ်နိုင်ငံတော်၏ အကောင်း အဆိုးသည်လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တာဝန်ယူမှုနှင့်တာဝန်ခံမှုတို့အပေါ် မှီတည်နေသောကြောင့် တိုင်းပြည်၏ အခန်းကဏ္ဍအားလုံးကိုပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်အောင်နိုင်ငံတော်အနေဖြင့် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း ကျောင်းသူ၊ ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးတွင် အရင်းခံမူလဖြစ်သည့် ဉာဏဗလ(ပညာအား) ပြည့်စုံဖွံ့ဖြိုးရန် သင်ယူဆည်းပူးရင်းကျန်ရှိသော ကာယဗလ (ကာယအား)၊ မိတ္တဗလ (မိတ်ဆွေအား)၊ဘောဂဗလ(ပစ္စည်းဥစ္စာအား)၊ စာရိတ္တဗလ (ကိုယ်ကျင့်တရားအား)ဆိုသည့်အင်အားများ ပြည့်စုံကြပြီး အနာဂါတ်နိုင်ငံတော်ကို ပိုမိုကောင်းမွန် သောမနက်ဖြန်များကို ပုံဖော်ဖန်တီးနိုင်စွမ်းရှိမည့်လူငယ်များ အဖြစ်တင့်တယ်စွာ နေရာယူနိုင်ကြမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ်(၃) အခြေခံပညာထက်တန်း ကျောင်းမှကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် Grade-9 ကျောင်းသားမောင်စည်သူဝင်းပြည့်က လူငယ်နှင့်နည်းပညာ၊  Grade-7 ကျောင်းသူ မချိုလွင်လွင် ဇော်က လူငယ်နှင့်ကျန်းမာရေး၊ Grade-11 ကျောင်းသူ မမေဝသန်ဦးက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-11 ကျောင်းသူ မဝင်းသူသူဟန်က လူငယ်နှင့်စာကြည့်တိုက်စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍တက်ရောက်လာသောကျောင်းသား/သူများနှင့်အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီးခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရိုင်အုပ်ချုပ်ရေးမှူးဦးဘုန်းမြတ်သူက ဆွေးနွေးပြောကြားသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မေသန္တာအောင်ကလက်ဆောင်ပစ္စည်းပေးအပ်ပြီးကျောင်းအုပ်ဆရာကြီးဦးလွင်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)