ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇော်ပွဲကျင်းပမည်

ငါးသိုင်းချောင်း ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်တိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ဒု-ဥက္ကဋ္ဌ)၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇသိရီပဝရဓမ္မာစရိယ၊ အဘိဓမ္မာပါဠိပါရဂူ ဘဒ္ဒန္တ သံဝရာဘိဝံသမဟာထေရ်၊ သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)ဝါ ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇော်ပွဲကို (၃)ရက်တိုင်စီရင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ (၁၇.၈.၂၀၂၄)ရက်နေ့ညပိုင်းတွင် ဝင့်သဉ္ဇာစတင်း မြန်မာ့ဆိုင်းဝိုင်းဖြင့် ဧည့်ခံပူဇော်မည်ဖြစ်သည်။ (၁၈.၈.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင် အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇော်ပွဲကို နိုင်ငံတော် အခမ်းအနား အစီအစဉ်ဖြင့်ကျင်းပပြီး ညပိုင်းတွင်လည်း အားမာန်သစ်မြန်မာမှုတေးဂီတဖြင့် ဧည့်ခံပူဇော်မည်ဖြစ်သည်။ (၁၉.၈.၂၀၂၄)ရက်နေ့တွင် ဆရာတော်ဘုရားကြီး၏ အရိုးပြာအိုးအား ငဝန်မြစ်အတွင်းသို့ ပင့်ဆောင်ကာ ရေမျှောပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)