ပုသိမ် ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် Seminar for Pathein University Research Journal (2024)သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သုတေသနစာတမ်းဖတ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “ပုသိမ်တက္ကသိုလ်၌ ပညာဆည်းပူးနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအပါအဝင် သုတေသန စာတမ်းရှင်များမှ ပြုစုတင်သွင်းသည့် သုတေသနစာတမ်းဖတ်ပွဲများကို အခါအားလျော်စွာ တက်ရောက်အားပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွက် အဓိကဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးနှင့်ပတ်သက်သည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်လုပ်ရေး သုတေသနနှင့်ဈေးကွက်သုတေသနအပါအဝင် လိုအပ်သည့်ကဏ္ဍ အသီးသီးတွင် သုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ သုတေသန စာတမ်းများအား လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက်အသုံးချနိုင်ရန် သုတေသနပြုလုပ်ပေးခဲ့သည့် သက်ဆိုင်သူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ တက္ကသိုလ်တွင် သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လူ့ဘောင်အဖွဲ့အစည်းကို အကျိုးပြုမည့် သုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရန် သုတေသနစာတမ်းများ ဖော်ထုတ်ပြုစုပေးကြသည့်အတွက် ရလာဒ်ကောင်းများ ထွက်ပေါ် လာမည်ဟု ယုံကြည်ပါကြောင်းနှင့် စာတမ်းရှင်များ၏ ဖတ်ကြားခဲ့သည့် အနှစ်ချုပ် များကိုလည်း ပြတ်လည်တင်ပြပေးစေလိုကြောင်း၊ သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက် လာသည့် တာဝန်ရှိသူများအနေဖြင့် စာတမ်းရှင်များ၏ ဖတ်ကြားတင်သွင်းမှုနှင့် လက်တွေ့မြေပြင်တွင် အသုံးချနိုင်မှုများကိုလည်း အပြန်အလှန်ဆွေးနွေးပေးကြ စေလိုကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် အားလုံးစုစည်းရောက်ရှိ နေကြသည့် သုတေသနစာတမ်းများဖတ်ကြားမည့် ဆရာကြီး၊ ဆရာမကြီးများ တက်ရောက် အားပေးကြနားထောင်ကြသည့် တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် အကျိုးပြုနိုင်မည့် စာတမ်းများ ပေါ်ထွက်လာစေရေးနှင့် လက်တွေ့နယ်ပယ်တွင် အမှန် တကယ် အသုံးချနိုင်စေရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုပါကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက်ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသန်းထွန်းက သုတေသနစာတမ်းဖတ်ပွဲ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် Environmental Air Pollution Monitoring System for Industrial Zones ခေါင်းစဉ်ဖြင့် သရုပ်ပြ၊ နည်းပြ Su Shine Pwint Thein ၏ စာတမ်းဖတ်ကြားမှု ကိုလည်းကောင်း၊ Preparation, Characterization and Application of Biofertilizer from Vegetable Waste and Rice Straw ခေါင်းစဉ်ဖြင့်သရုပ်ပြ၊ နည်းပြ Zin Thae Oo ၏ စာတမ်းဖတ်ကြားမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ စာတမ်းရှင်များက သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့သည်။ Seminar for Pathein University Research Journal (2024)သုတေသနစာတမ်းဖတ်ပွဲကို ၁၅.၈.၂၀၂၄ ရက်နေ့မှ ၁၆.၈.၂၀၂၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး စာတမ်းရှင်များက ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များမှ စာပေ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် လူမှုစီးပွားရေးဘဝများကို ဖော်ဆောင်သည့် ဒေသအကျိုးပြု စာတမ်းပေါင်း(၅၀)ကိုတင်သွင်းဖတ်ကြား၍ ထိုစာတမ်းများမှ ဝိဇ္ဇာဘာသာရပ် အကောင်းဆုံး စာတမ်း၊ သိပ္ပံဘာသာရပ် အကောင်းဆုံးစာတမ်း တစ်စောင်စီကို ပုသိမ်တက္ကသိုလ် သုတေသနဂျာနယ်အတွက် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)