သာပေါင်း ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကျုံဒဒွန်းကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာတွင် ဩဂုတ်လ ၁၀ ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ်မိုးသက်လေပြင်းတိုက်ခတ်မှုတို့ကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဩဂုတ်လ ၁၄ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေကြီးနစ်မြုပ် မိုးသက်လေပြင်းတိုက်ခတ်၍ ကျုံဒဒွန်း ကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာတွင် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရသည့် အိမ်ထောင်စု(၁)မှ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၈၄၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၁၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံး တန်ဖိုးငွေ(၁၀၇,၆၇၈) ပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈,၄၀၀)တို့ကို မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူက ဘေးသင့်မိသားစုလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း