ရေနံချောင်းမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ငရံ့မင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ရေနံချောင်း ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ငရံ့မင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တရေဝတ အမှူးပြုသော ဆရာတော် သံဃာတော် ငါးပါး ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များက ငရံ့မင်းပရိတ်တော်နှင့် မိုးကမ္မဝါကြီးပရိတ်တော်များကို ရွတ်ဖတ်ပူဇော်ပြီး တက်ရောက်လာသူများက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနားကြားကာ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်သင်းအဖွဲ့က ငရံ့မင်းပရိတ်တော်နှင့် မိုးကမ္မဝါကြီးပရိတ်တော်ကို နံနက်၊ နေ့ခင်း၊ ညနေ သုံးကြိမ်ခွဲ၍ အကြိမ် (၉၀) ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်