သာယာဝတီမြို့၌ ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

သာယာဝတီ ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနနက် ၉ နာရီက သာယာဝတီမြို့ ဆရာစံခန်းမ၌ကျင်းပရာ ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးထက်မျိုးအောင်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 ယင်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ထက်မျိုးအောင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်များကအဆို၊ အတီး၊ အကအလှများဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ပြိုင်ပွဲများကိုစတင်ကျင်းပရာ သာယာဝတီခရိုင်အတွင်း မြို့နယ်များမှ အခြေခံပညာအဆင့် အသက်(၁၀နှစ်မှ ၁၅နှစ်)နှင့် အခြေခံပညာအဆင့် အသက်(၁၅ နှစ်မှ ၂၀ နှစ်)အထိ ပြိုင်ပွဲဝင်များနှင့် ဝါသနာရှင်ပထမအဆင့်နှင့် ဒုတိယအဆင့်ပြိုင်ပွဲဝင်များက (ခေတ်ဟောင်း/ကာလပေါ်)၊ (အမျိုးဂုဏ်/ဇာတိဂုဏ်)နှင့် (မဟာဂီတ)အဆိုပြိုင်ပွဲ၊ (ကဗျာလွတ်နှင့်တပင်တိုင်)အကပြိုင်ပွဲ၊ (မြန်မာ့ဆိုင်းဝိုင်း၊ မယ်ဒလင်၊ စန္ဒယားနှင့် ပုလွေမှုတ်) အစရှိသည့် (အမျိုးသား/အမျိုးသမီး) အဆို၊ အက၊ အတီး ပြိုင်ပွဲများတွင် သတ်မှတ်အဆင့်အလိုက် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုအား သက်ဆိုင်ရာကဏ္ဍအလိုက် အနုပညာရှင်၊ အတတ်ပညာရှင် ဒိုင်အဖွဲ့များက အကဲဖြတ်စိစစ်အမှတ်ပေးရွေးချယ်ကြပြီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ထက်မျိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကာ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ဆက်လက်အောင်မြင်မှုရရှိရေး အားပေးစကားပြောကြားပြီး ပြိုင်ပွဲဝင်များနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)