ညောင်လေးပင်မြို့နယ်၌ ကျောင်းကျန်းမာရေးသတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

 ညောင်လေးပင် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးသတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မူလွန်အေဘီအမ်ကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဒုတိယပညာရေးမှူး ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ​စောကလျာက ကျောင်းကျန်းမာရေးသတင်းပတ် ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ၂၀၂၄ ဩဂုတ်လတွင် (ပထမပတ်) မိခင်နို့စနစ်တကျ တိုက်ကျွေးရေး၊ (ဒုတိယပတ်) (၅) နှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံဖြိုးရေး၊ (တတိယပတ်) ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံဖြိုးရေးနှင့် (စတုတ္ထပတ်) အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး သတင်းပတ်အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)