ကြံခင်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း (ဂွေးချို)တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ကြံခင်း ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဂွေးချိုကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စာသင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မိုးမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းတို့က   ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်အနာဂတ်တွင် ပွင့်လန်းလာအမည့် မျိုးဆက်သစ် လူငယ်များ ဖြစ်ပေါ်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေမှ ဗဟုသုတ အသိအလိမ္မာများ ရရှိစေရန်၊ အမှားအမှန် ခွဲခြားတတ်လာစေရန်၊ ပြောစွမ်းရည် ကြွယ်ဝလာစေရန်နှင့် စသည့် ရည်ရွယ်ချက်ကောင်းများစွာ တိုးပွားလာစေရန်အတွက် အသိပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်၊

ထို့နောက် ဖတ်မှတ်စနစ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့က အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)