အင်္ဂပူမြို့နယ်တွင် (၂၀၂၄) ခုနှစ် မိုးစပါး‌ရေကြီးနစ်မြုပ်ဧရိယာများအား အစားထိုးပြန်လည် စိုက်ပျိုးပွဲနှင့် တောင်သူများအား မျိုးစပါး၊ သွင်းအားစု (ဓါတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ) ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

အင်္ဂပူ ဩဂုတ် ၁၆

ဧရာဝတီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံက်ပိုင်းက အင်္ဂပူမြို့နယ် တလိုင်းကွင်း‌ ကျေးရွာအုပ်စု၊ တလိုင်းကွင်းကျေးရွာသို့ရောက်ရှိရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက ကြိုဆိုခဲ့သည်။

ထို့‌နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တလိုင်ကွင်းကျေးရွာအုပ်စု၊ တလိုင်းကွင်းကျေးရွာ ကွင်းအမှတ် ၈၃၉၊ ဦးပိုင်အမှတ် ၇၃/၁၀ ရှိ တောင်သူ ဦးမြင့်ရွှေ၏ လယ်မြေ ၆.၁၂ ဧကတွင် ၂၀၂၄ ခုနှစ် မိုးစပါး ရေကြီးနစ်မြုပ်ဧရိယာများအား အစားထိုးပြန်လည် စိုက်ပျိုးပွဲ ပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ကြီးချုပ်မှ ကောက်စိုက်သမများအား အချိုရည်နှင့် မုန့်များ ပေးအပ်ခဲ့ကြောင်းနှင့် အင်္ဂပူမြို့နယ်တွင် ၂၀၂၄ မိုးစပါးရေကြီးနစ်မြုပ်ဧက (၁၆၀၀)ခန့်အား ပြန်လည်စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည့် မြန်အောင်ခရိုင်အတွင်းရှိ လယ်မြေများ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးမှုအပေါ် တောင်သူများအား မျိုးစပါး၊ သွင်းအားစု(ဓါတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ)ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးချုပ်မှ မြန်အောင်ခရိုင်းအတွင်းရှိ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ တောင်သူများအား ရက်(၉၀)မျိုးစပါးများကိုလည်ကောင်း၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စစ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်တို့က သွင်းအားစု (ဓါတ်မြေဩဇာနှင့်သဘာဝမြေဩဇာ)များကိုပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့သည်။ ထို့နောက် အင်္ဂပူမြို့နယ်မှ ဒေသခံတောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်များမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)