ညောင်တုန်းမြို့နယ်တွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးကွင်းဆင်းစစ်ဆေး

ညောင်တုန်း ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးစစ်ဆေးခြင်းကို ယနေ့နံက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)