ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများ ဓနုဖြူမြို့နယ်အတွင်း အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်း မြှင့်တင်ရေးစီမံကိန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဓနုဖြူ သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့်တာဝန်ရှိသူများက ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန် ၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများမှ ထိုင်းနိုင်ငံ၊ လူထုဖွံ့ဖြိုးရေးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသရှိ အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေး စီမံကိန်းဆောင်ရွက်နေသော အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်လျက်ရှိသော အိမ်ထောင်စု (၃၀) ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ အောင်မြင်မှု အခြေအနေများအား ကျေးရွာကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ အခြေခံအိမ်ထောင်စု (၃၀) စုတို့နှင့် တွေ့ဆုံကာသုံးသပ်ဆွေးနွေးခဲ့ပြီး၊ ဒုတိယနှစ်စက်ဝန်းအသစ်ဆောင်ရွက်မည့် အခြေခံအိမ်ထောင်စု (၁၅) ဦးအတွက် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး စိုက်ပျိုးရေးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှသိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)