ကလေး၊ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဒေါက်တာအောင်ထွန်းသက်ရေးသားသည့် "ဟောပြောပွဲအတွေ့အကြုံ” စာအုပ်ပါအကြောင်းအရာများ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဒေါ်နှီရ်ငန်း ဒေါက်တာအောင်ထွန်းသက်ရေးသားသည့် "ဟောပြောပွဲအတွေ့အကြုံ” စာအုပ်ပါအကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ (Talk Show) များကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)