ကျောင်းကုန်း ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် ပိတ်ထားသောစာသင်ကျောင်း (၁၃၆) ကျောင်းမှ ယနေ့နံနက်တွင် (၁၂၆) ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဟု မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အနိမ့်ပိုင်းနေရာများမှ အခြေခံပညာမူလတန်းကျောင်း (၈) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁) ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း (၁) ကျောင်း၊ စုစုပေါင်း (၁၀) ကျောင်းသာ ကျန်တော့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။ ဒါးကမြစ် ရေသည် အန္တရာယ်ရေအမှတ် ပေ (၂၀) မှ ပြန်လည်ကျဆင်းလျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် (၁၆)ပေကျော်သို့ ရောက်ရှိနေပြီး၊ (၄) ပေခန့် ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)