ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကွင်း‌ဆင်းဆောင်ရွက်

ညောင်တုန်း ဩဂုတ် ၁၅

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယနေ့နံနက်ပိုင်းက မိုးဟုတ်ကျေးရွာအုပ်စု ကျောင်းစုကျေးရွာရှိ မိုးပျံစာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့် ဒုတိယဦးစီးမှူး‌ ဒေါ်အမာရှိန်တို့က မိုးပျံစာကြည့်တိုက်မှူး၊ စာကြည့်တိုက်‌ကော်မတီများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်အဆောက်အဦ၊ စာဖတ်ခန်းများသန့်ရှင်း‌သပ်ရပ်‌စေရေးနှင့် လေဝင်လေထွက်ကောင်းမွန်စေရေး၊ စာကြည့်တိုက်ရှိစာအုပ်များ စနစ်တကျထားရှိစေရေး၊ လှူဒါန်းရရှိ‌သောစာအုပ်များ စာရင်းရေးသွင်းမှုအား သင်ကြားပြသခြင်းနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)