ရေနံချောင်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး စာကြည့်တိုက်ပညာဆင့်ပွားသင်တန်း ဖွင့်လှစ်

ရေနံချောင်း ဩဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆက်လက်ဖွင့်လှစ်ပို့ချသည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်နှင့် ဒုတိယဦးစီးမှူးတို့က စာကြည့်တိုက်ဆိုင်ရာစီမံခန့်ခွဲနည်း၊ စာစု၊ စာပြုလုပ်ငန်း၊ မျိုးတူစုခွဲနည်း၊ စာကြည့်တိုက်ကတ်တလောက်ထားရှိခြင်းအကျိုးကျေးဇူး၊ အက္ခရာစဉ်ခြင်း၊ လက်တွေ့ကတ်ပြားရေးသွင်းခြင်း၊ စာအုပ်စာစောင် စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း စသည့် စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ သင်ခန်းစာများကို ရှင်းလင်းပို့ချသည်။

အဆိုပါသင်တန်းကို ဩဂုတ် ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်ကြာသင်ကြားပို့ချပေးခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများမှ သင်တန်းသား ဆရာ/ဆရာမ ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်