​ရွှေဘိုမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုပြုလုပ်

ရွှေဘို ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

​ရှေးဦးစွာခရိုင်ပညာ​ရေးမှူးရုံးမှ လက်​ထောက်ညွှန်ကြား​ရေးမှူးက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး၊​ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကိုယ်စားသွားနှင့် ခံတွင်းအထူးကု ဆရာဝန်​ဒေါက်တာသဲစုလှိုင်က အ​ခြေခံပညာ​ကျောင်းများတွင် ကျောင်းသား/သူများအား ကျန်းမာ​ရေး အသိပညာ​ပေး စစ်​ဆေး​ပေး​နေခြင်းများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့​နောက် ​ကျောင်းကျန်းမာ​ရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်​ပေးကာ ကျောင်းသား/သူ​လေးများ​ ရေးဆွဲထားသည့် အသိပညာ​ပေးနံရံကပ်စာ​​စောင်များကို ပြသထားရာ တက်​ရောက်လာသူများမှ ကြည့်ရှုအား​ပေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းမုန့်​စျေးတန်းအားစစ်​ဆေးခြင်းနှင့် ကျောင်းသား​ကျောင်းသူ​လေးများအား သွားနှင့်ခံတွင်း ကျန်းမာ​ရေးစစ်​ဆေးကုသ​ပေးခြင်း၊ သွားတိုက်​ဆေးနှင့်သွားတိုက်တံများ ​ထောက်ပံ့ပေးအပ်ခြင်းများ​ပြုလုပ်ပေးခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်