ပခုက္ကူ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာ ရေးသားနိုင်ရေး သတင်းရေးသားနည်းသင်တန်း (၃/၂၀၂၄)ကို ယမန်နေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပပသင်းဦးဆောင်၍ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများက သတင်း၏အဓိပ္ပါယ်၊ သတင်းရေးသားရာတွင် လိုက်နာရမည့်အချက်များနှင့် စံသတ်မှတ်ချက်များ၊ သတင်းကောင်းတစ်ပုဒ်တည်ဆောက်နည်းနှင့် ရယူစုဆောင်နည်းများ၊ သတင်းမီဒီယာဥပဒေများ၊ စာနယ်ဇင်းဆိုင်ရာကျင့်ဝတ်များ၊ သတင်းသမားများလိုက်နာရမည့် တာဝန်များနှင့် စည်းမျဉ်း၊ စည်းကမ်းများ၊ သတင်းဆောင်းပါးရေးသားနည်းများ၊ သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းများကို ဩဂုတ်လ ၁၄ ရက်နှင့် ၁၅ ရက်အထိ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခြင်းဖြစ်ပြီး ပခုက္ကူခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)