ဘိုကလေး ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးကိုရည်ရွယ်ကာ ယနေ့နံနက်(၉)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဆန်ရိက္ခာများအား ဈေးနှုန်းချိုသာစွာဖြင့် မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
လှည့်လည်ရောင်းချရာတွင် အခြေခံလူတန်းစားများ အများစုတည်ရှိရာ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ မြို့သစ်ပိုင်းတို့အား သွားရောက်ရောင်းချပေးခြင်းဖြစ်ပြီး ဇီယျာဆန်(၁)ပြည်လျှင်(၃၀၀၀)ကျပ်၊ ပေါ်ဆန်းဆန် (၁)ပြည်လျှင် (၅၀၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)