ကန့်ဘလူ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူများ ဆန်နှင့် စားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ယမန်နေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၁)နှင့်အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် အမှတ်(၃)ရပ်ကွက် တပင်ရွှေထီးလမ်းဘေးတို့တွင် ဆန်နှင့်စားသုံးဆီများအား ပြည်သူများ၏လက်ဝယ်အရောက် ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆန်နှင့်စားသုံးဆီများ ရောင်းချရာ၌ ပြည်သူများ သက်သာချောင်ချိစေရန်နှင့် သက်သာသောနှုန်းထားဖြင့် စားသုံးဆီများ စနစ်တကျဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ရပ်ကွက်အ တွင်းရှိ အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်(ရွှေဝါထွန်း) ၂၅၀၀ ကျပ်၊ ဆီ ၅၀ ကျပ်သားကို ကျပ် ၃၁၀၀ နှုန်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်သူများ၏လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်းနှင့် အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက်တို့ကိုလည်း ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)