ကန့်ဘလူမြို့နယ်တွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ရုံးစာရေးသားနည်းသင်တန်းအမှတ်စဉ်( ၂/၂၀၂၄)ဖွင့်လှစ်

ကန့်ဘလူ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ်(၂/၂၀၂၄)ကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရုံးစာရေးသားနည်းသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းတွင် ရုံးစာရေးသားနည်း ကိုးမျိုး၊ ထားသိုပုံ စနစ်များ၊ လုံခြုံမှုအဆင့်အတန်းသတ်မှတ်ခြင်းနှင့် ဦးစားပေးအဆင့်အတန်း သတ်မှတ်ခြင်းများ၊ ရုံးစာရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ လုပ်ငန်းစီမံချက်ရေးသားနည်းများစသည့် သင်ခန်းစာများနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါရုံးစာရေးသားနည်းသင်တန်းတွင် သင်တန်းနည်းပြနှစ်ဦးက ဩဂုတ် ၁၄ ရက်မှ ၁၆ ရက်ထိ သုံးရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး စာတွေ့လက်တွေ့ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)