ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကျင်းပ

ပန်းတောင်း သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အ.ထ.က(မြိုင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အ.ထ.က (မြိုင်) ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ရွှေတိုး(ထုံးဘို)မှ “စာအုပ်စာပေလူ့မိတ်ဆွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာလှိုင်ကြည်ဦး(ထုံးဘို)မှ “စာပေအလင်းရောင်ဘဝတန်ဆောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာခွန်နေဒူး (သနီမြေ)မှ “လောကဓမ္မရာဇာအကြောင်းနှင့်ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား/သူများအား သုတ/ရသစာပေအကြောင်းအရာများ ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူများကိုယ်စား ဆရာမတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)