ပေါက်ခေါင်းမြို့နယ်၌‌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ပေါက်ခေါင်း ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူး‌ပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အသိပညာပေးအခမ်းအနားကို အ.ထ.က(အိုးဘိုကုန်း)တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်အိအိဖြိုးက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအစီအစဉ်များပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းကျန်းမာရေးဆရာမဒေါ်ခင်မာဝေက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းနှင့် ကာကွယ်ခြင်းအကြောင်းအရာများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်အကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဝမ်းကိုက်ရောဂါဖြစ်ပွားရခြင်းနှင့် ကာကွယ်ရမည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုတွင် အသိပညာပေးဟောပြာခြင်း၊ ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စနစ်တကျသွားတိုက်နည်းများကို လက်တွေ့သင်ကြားပြသပေးပြီး ကလေးငယ်လေးများအတွက် အာဟာရမုန့်များ‌‌ လက်ဆောင်ပေးဝေခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)