ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်း သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ရှေးဦးစွာ ညောင်ကျိုးကျေးရွာအုပ်စု၊ ညောင်ကျိုးစစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေနှင့် ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက်ရှိ စိန်ပန်းပြာလမ်း၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မကြီးထုံးကျေးရွာအုပ်စု၊ မကြီးထုံးကျေးရွာရှိ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ဧကများတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)